ငပုတော မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာကျောင်းများ ကျောင်းဖွင့်လှစ်ချိန် ကျောင်းသား၊ ကျောင်းသူကလေးများ အဆင်သင့် သန့်ရှင်းလုံခြုံပျော်ရွှင်စွာ စာသင်ယူနိုင်ရေး၊ သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝန်းကျောင်းပြင် သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ၂၀၂၂ ခုနှစ်၊ မေလ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံလက်ခံပေးသွားပြီး ဇွန်လ ၁ ရက်နေ့တွင် ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း/ခွဲများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်း (၃၈၂)ကျောင်းတို့တွင် စတင်ကျောင်းတတ်ရောက်လာကြမည့် ကျောင်းသား၊ ကျောင်းသူကလေးများ သန့်ရှင်းလုံခြုံပျော်ရွှင်စွာ စာသင်ယူနိုင်ရေး၊ သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းဝန်းအတွင်း၊ အပြင်သန့်ရှင်းရေးများ စဉ်ဆက်မပြတ် စုပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အောင်သူ(ငပုတော ပြန်/ဆက်)