ကျောက်ကြီး မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပညာရေးမှူးရုံးအစည်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျောင်းအပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအတွင်းရှိ ပညာရေးမှူးများနှင့် Online Projector ဖြင့်ပြုလုပ်ခဲ့သည်။
အစည်းအဝေးကို တိုင်းဒေသကြီး ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလွင် ဦးဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပညာရေးမှူးများ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာ၊ ဆရာမများအား Online Projector ဖြင့် မေလ ၂၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံနိုင်ရေးအတွက် ရည်ရွယ်ပြီး ကြိုတင်လုပ်ငန်း အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးအား ကျောက်ကြီးမြို့နယ်ပညာရေးမှူး ဦးတင်ဝင်း ဦးဆောင်ပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၃၂)ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)