ဝါးခယ်မမြို့နယ်၌ သတ်မှတ်မြေနေရာများတွင် နေအိမ်များဆောက်လုပ်မှု ရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကျူးကျော်ရပ်ကွက်နေပြည်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့ မွန်လွဲ ၁ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူကျော်ရပ်ကွက်နေ ပြည်သူများကို စစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သတ်မှတ်မြေနေရာများတွင်သာ နေအိမ်များဆောက်လုပ်နေထိုင်စေရေးနှင့် ကျူးကျော်မှုရှိပါက ဖျက်သိမ်းနိုင် စေရေး၊ သတ်မှတ်နေရာများတွင် နေထိုင်မှုရှိ / မရှိကို လမ်းပိုင်းအလိုက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အဖွဲ့အလိုက် ကြပ်မတ်စစ်ဆေးမှုများပြုလုပ်၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျူးကျော်ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်ဆေးထိုးပြီးမပြီး ဆိုင်ရာ ကိစ္စရပ်များ၊ မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်‌စေရးဆိုင်ရာ ကိစ္စရပ်များ၊ ရာသီတုပ်ကွေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြား၍ လိုက်နာဆောက်ရွက်ရမည့် အချက်များပါ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)