ပဲခူးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူး မေ  ၂၅

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဟောပြော ဆောင်ရွက် ခဲ့သည်။

ဟောပြောပွဲတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးနှင့် လေပြင်း‌ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြု လိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရန် အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန်အချက်များကို  အသိပညာပေးဟောပြောပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်ကိုပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာသော Book Club နှင့် Youth Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်