ရွှေသောင်ယံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က (ရွှေသောင်ယံ) စာသင်ကျောင်းနှင့် ရပ်ကွက်အတွင်း၌ ပိုးလောက်လမ်းစစ်ဆေးကာ အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီခွဲက ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပိုးလောက်လမ်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အ-ထ-က (ရွှေသောင်ယံ) စာသင်ကျောင်းအတွင်းရှိ သောက်သုံးရေကန်အား စစ်ဆေး၍ အဘိတ်တ်ဆေးခပ်ပေးခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် ပတ်ဝန်းကျင်ရှိ ရေတင်သောဘူးများ၊ ခွက်များအား သွန်မှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အမှတ်(၂)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား အဘိတ်ဆေးခပ်ခြင်း၊ ရေအိုးများ အား ကြည့်ရှု၍ ပိုးလောက်လမ်းတွေ့ရှိပါက သွန်ကြဲခြင်း၊ ရေကိုမကြာခဏ လဲလှယ်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမောင်