ချောင်းသာ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့် (Abate)ဆေး ခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ပြည်သူများ၏ နေအိမ်များရှိ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာဟောင်းများနှင့် ဘုရာပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ကျင့်သုံးကြရန်နှင့် အဘိတ်ဆေးခတ်ခြင်းများကို တစ်အိမ်တက်ဆင်း ပညာပေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော “သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကျော်ကျော်(ပြန်/ဆက်)