ပန်းတနော်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များဖြန့်ဝေ

ပန်းတနော် မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့မစျေးနှင့် လူအသွားအလာများသော နေရာများတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့မစျေးနှင့် လူအသွားအလာများသော နေရာများ၊ ဆိုက်ကားဂိတ် စသည့်နေရာများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စျေးရောင်း/ ဝယ်သူ များနှင့် မြို့တွင်းသွားလာနေသူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ (Mask) တပ်ဆင် သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ​ကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)