ပုလော မေလ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မိုးရာသီကာလ၌ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လန်းစစ်ဆေးခြင်းနှင့်ခြင် ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေ ၂ နာရီ ပုလောမြို့ အမှတ် ၂ ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပုလောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာပြုံးချို၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ၏ နေအိမ်ရှိ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာနှင့် ဘုရားပန်းအိုးများနှင့် စွန့်ပစ်ပစ္စည်းများအား ဖုန်း၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ကျင့်သုံးခြင်း ရှိ၊ မရှိ တစ်အိမ်တက်ဆင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)