မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ

မအူပင် မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူလေးများက We Are The World သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မအူပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား‌ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အင်္ဂလိပ်စာသင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားခေါင်းဆောင် (၅)ဦးထံသို့ သင်တန်းသား/ သူ (၄၅)ဦး၏ သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပလတ်စတစ်ထိုင်ခုံ (၇)လုံးအား ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/ သူများ ကိုယ်စား ကျောင်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်းဆင်းပွဲ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်(မအူပင်)