နတ်မောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ၊ ရေငံကျေးရွာအုပ်စု ၊ ပ/ကျားထူးကျေးရွာ တွင်မိုးကြိုးထိမှန် ၍ နေအိမ်ပျက်စီးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ( ၉ ) နာရီက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့မှုတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကရေငံ ကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာရှိ ဒေါ်ပေါမြ ၏နေအိမ် မိုးကြိုးထိမှန်၍ အိမ်တိုင်ပျက်စီးခြင်း၊ သွပ် နှစ်ချပ်ပေါက် ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းစရိတ် ( ၅၀၀၀၀ ) ကျပ်၊ လူဦးရေ သုံးဦးအတွက် ဆန်ရိက္ခာစရိတ် (၆၃၀၀)ကျပ်၊ ထောက်ပံ့ပေးအပ်ငွေ စုစုပေါင်း(၅၆၃၀၀)ကျပ် တိတိအားသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)