မအူပင် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၊ မလက်တိုကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပေ(၉၀)၊ ပေ(၃၀) RC နှစ်ထပ် သဇင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ အဆောက်အဦးသစ်ရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
သဇင်ကျောင်းဆောင်သစ်ကို မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မအူပင်ခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါက်တာ သန္ဒာဆွေ၊ ကျောင်းအကျိုးတော်ဆောင် ဦးနေဝင်းနှင့် Union House ကုမ္ပဏီ တာဝန်ခံ ဦးခိုင်လင်းထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုးမြင့်ဦးတို့က ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းအပေါ် မုဒိတာစကားပြောကြားသည်။
၎င်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများပေးအပ်ခြင်း၊ ကဗျည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မအူပင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ ကျေးရွာပြည်သူများ၊ ကျောင်းသား/သူများ တက်ရောက်ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)