မြန်အောင် မေ ၂၄
မြန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့တွင် ထုတ်ချေးပေးလျက်ရှိသည်။
မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်သင်းသင်းအောင်က မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်(၁)ဧက ငွေကျပ်တစ်သိန်း ငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရှိသည့် တောင်သူများ ကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကွင်းကြီးဒေါင့်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ (၉၀၀၀) ကျော်တို့၏ လယ်ယာမြေ (၅၅၅၂၈)ဧကအတွက် ကျပ် (၈၃၂၇၇)သိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေး ရန် လျာထားကြောင်း သိရှိသည်။
ဝင်းဗိုလ် မြန်အောင်