ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငါးသိုင်းချောင်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ မြို့ပေါ်ရပ်ကွက်အလိုက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်အတွင်းရှိ ‌ရပ်ကွက်နေအိမ်များ၊ ဘုန်းတော် ကြီးကျောင်းများနှင့် အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းတို့တွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေးနှင့် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း စုပေါင်းကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေး ဟောပြောပွဲများ၊ မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)