ချောင်းသာ၌ မိုးဦးကာလ ခြင်ပေါက်ပွားမှုလျော့ကျရေးနှင့် သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ချောင်းသာ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးဦးကာလ ခြင်ပေါက်ပွားမှုများ လျော့ကျရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရပ်ကွက်များအတွင်းမှ နေအိမ်များရှိ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေး ဆောင်ရွက်ပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

ကျော်ကျော်(ပြန်/ဆက်)