သာပေါင်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ဆင်ကူး ကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်က မိုးဦးကာလ မိုးကြီး၍ လေပြင်းတိုက်ခတ်မှုကြောင့် ဦးအောင်ဇော်ထွေး (အဖ) ဦးဝင်းမောင် နေအိမ် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၅'×၁၀'×၁၂') ပြိုကျပျက်စီးခဲ့သည်။
ထိုသို့ မိုးဦးကာလ မိုးကြီးလေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဦးအောင်ဇော်ထွေး(အဖ) ဦးဝင်းမောင် မိသားစုဝင်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ (၁၈)နှစ်အောက် အမျိုးသား(၁) ပေါင်း(၄)ဦးတို့ကို ရပ်ဆွေရပ်မျိုး တော်စပ်သူ ဦးလှကြိုင် နေအိမ်သို့ တောင်ကလေးအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူး တို့က ဝိုင်းဝန်းကူညီ ပြောင့်ရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်