မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေး

လပွတ္တာ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေဘဏ် (ရုံးချပ်) စီမံခန့်ခွဲရေးဌာန အထွေထွေ မန်နေဂျာက ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ပေးရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာက ထုတ်ချေး ရေး ကောက်ခံရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်ပြန်လည်ထုတ်ယူမည့် ကိစ္စများ ကို ရှင်း လင်းပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ် (ရုံးချုပ်) စာရင်းစစ်ဆေးထိန်းသိမ်းရေးဌာန ဒုတိယ အထွေထွေမန်နေဂျာမှ ချေးငွေဆိုင်ရာများ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ချေးငွေစိစစ်ရေးအတွင်းရေးမှူးများမှ သိလိုသည်များ မေးမြန်း ဆွေးနွေးခြင်းအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)