ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)၌ ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်

ရွှေသောင်ယံ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က (ရွှေသောင်ယံ) စာသင် ကျောင်းတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းဆိုင်းဘုတ်နှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် လာမည့် ဇွန်လ(၂)ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သည့်အခါ ကျောင်းသား၊ကျောင်းသူများ အစစအရာရာ အဆင်ပြေ ချောမွေ့စေရေးအတွက် ကျောင်းပြင်နှင့် ကျောင်းတွင်းပတ်ဝန်းကျင်ရှိ ချုံနွယ်များအား ရှင်းလင်းဖယ်ရှားခြင်း၊ ကျောင်းတွင်း ကျောင်းပြင်နှင့် အခန်းများ၌ သန့်ရှင်းရေးလုပ်ခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်။

ကိုကိုမောင်