ပဲခူးခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူး မေ ၂၄

 

ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၄ ရက်နေ့ နံနက် ၇:၃၀ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် ဈေးပိုင်း၊ ညောင်ဝိုင်း၊ သွန်းဘုရား၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်းတောင်၊ ဇိုင်းဂနိုင်းမြောက်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်းသိရသည်။

သက်ဖြိုးကြိုင်၊ ခရိုင်(ပြန်/ဆက်)