လပွတ္တာ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယနေ့ ဖြစ်ပေါ် နေသော ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန် သဘာဝဝန်းကျင်လောစနစ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကသစ်တောဦးစီးဌာန၊ ကြာကန်ကွင်း ပေါက်ကြိုးဝိုင်း အကွက် အမှတ်(၂ဝ)တွင် ကျင်းပကြောင်း သိရသည်။
သစ်ပင် စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်စိုက်ပျိုးကြသည်။ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ဖိုးပွဲတွင် သမဲ့ကြီး၊ ဗြူးအုပ်၊ ဆောင်း၊ ကန့်ပလာ၊ မဒမ၊ ကျန စုစုပေါင်း(၁၈၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်