ဝါးခယ်မ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာအထက်တန်း Grade-11 (သင်ရိုးသစ်)အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်တွင် ဒေါ်ပိုက်မိ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားမိဘများအား စည်းရုံး၍ မိမိသားသမီးများ အပြည့်အဝကျောင်း အပ်နှံနိုင်ရေး၊ သင်တန်းအတွင်း သင်ကြားပို့ချသည့် ဘာသာရပ် အလိုက် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားနိုင်မည့် နည်းလမ်းများဖြင့် သင်ကြားပို့ချ နိုင်ရေးစသည့် အကြောင်းအရာများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် သင်တန်းတွင် ကြီးကြပ် ၁ ဦး၊ ရုံးအဖွဲ့ ၂ ဦး၊ နည်းပြ ၁၄ ဦး၊ သင်တန်းသား၊ သင်တန်းသူ ၁၉၈ ဦး၊ စုစုပေါင်း ၂၁၅ ဦးကို မုန့်နှင့် ကော်ဖီများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)