မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့ နှင့် စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတအတွေး အမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရေး အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  လူငယ်နဲ့ အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book  Club) နာယက ဦးခင်စိုးက စာဖတ်ဝိုင်းအဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် (Book  Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းတွင် (Book  Club) အဖွဲ့ဝင်များ အပြင်စာပေစိတ်ဝင်စားသည့် လူငယ်များပါ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို နေ့လယ် (၁၂)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)