ပန်းတနော် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က (၂) အခြေခံပညာ အထက်တန်းကျောင်း ၌ ယနေ့ နံနက် ၉ နာရီက (တတိယနေ့)အဖြစ် ဆက်လက် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယ ပညာဘာသာရပ် များကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၁)ဦးတို့က သင်ကြားပို့ချပေးလျက်ရှိပြီး မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ဖွင့်လှစ်သင်ကြား လျက်ရှိရာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀၁) ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)