ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုရှိ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကြံခင်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုရှိ  ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မေ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းစုကျေးရွာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆုံလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးမှ အဖွင့်အမှာစကား ပြောကြာပြီး မြို့နယ်အသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းက COVID-19 ကာလအတွင်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှာဖြစ်ပြီး. ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှာဖြစ်ကြောင်း၊ ကြက်ခြေနီ အသင်းခွဲအနေဖြင့် အသင်းခွဲတိုးတတ်ရေးဆောင်ရွက်ရန်၊ ရှေးဦးသူနာပြုစုခြင်း ပညာကို သင်တန်းဖွင့်သင်ကြားပေးရေး၊ လူမှုဂရုဏာလုပ်ငန်းများ ကျေးရွာတိုင်း ပြန့်နှံ့ရေး ကြိုးပမ်းဆောင်ရွက်ကြရန်  ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုံလဲကျေးရွာအုပ်စု (တာဝန်ခံ)တပ်စုမှူး ဦးကျော်ကျော်အောင်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ စည်းရုံးရေးစွမ်းရည်ဆု၊ တပ်ဖွဲ့ စွမ်းရည်ဆုနှင့်  ဂုဏ်ပြုဆုရရှိကြသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦးအား တာဝန်ရှိသူ များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆုံလဲ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ခွဲမှူး ဦးသိန်းလွင်၊ ကြက်ခြေနီသူနာပြု (တာဝန်ခံ) တပ်စုမှူး ဦးကျော်ကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ တတ်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)