သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း‌ ဖွင့်လှစ်ပို့ချ

သာပေါင်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းအုပ်များ၊ လက်ထောက် ဆရာ၊ ဆရာမတို့ကို မြို့နယ်အဆင့် သင်ရိုးသစ်(Grade-11) ဆင့်ပွားသင်တန်းကို‌ မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က စတင်၍ သာပေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း သော်ကဆောင်ခန်းမ၌ ဖွင့်ပွဲကျင်းပ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်မှ သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအဆင့် သင်တန်းနည်းပြ (အထက်တန်းပြ) ဆရာဦး‌ကျော်ဇင်ထွန်းက သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သာပေါင်းမြို့နယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်က ၂၀၂၂-၂၀၂၃ သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေလ ၂၁ ရက်နေ့မှ မေလ၂၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု‌ဗေဒ၊ ရူပ‌ ဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊‌ ဘောဂဗေဒ၊ ကာယစာရိတ္တဘာသာရပ်အလိုက် စာသင်ခန်း(၁၀)ခန်း သက်မှတ်ထားရှိပြီး သင်တန်းနည်ပြ ဆရာ၊ ဆရာမ(၁၁)ဦးတို့က သင်တန်းတတ်ရောက်ကြသော သင်တန်းသား ဆရာ၊ ဆရာမတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်