ပန်းတနော် မေ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များသည် မေ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်က ပန်းတနော် မြို့နယ် အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဒေါင့်ကြီးကွက်သစ် အခြေခံပညာမူလတန်းကျောင်း၊ အစုကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း (၁၃၀x ၃၀) ပေ RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့မှ ကျောင်းဆောင်သစ်ဆိုင်းဘုတ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် ကမ္ဗည်းဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်း၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ကျောင်းဆောင်သစ် ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း၊ မှတ်တမ်းတင်ကြောင်း၊ ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ ဒါကြောင့်မလို့ ဒီနှစ်မှာ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ဘဝမှာ အရင်တုန်းကလိုပဲ တည်တည် ငြိမ်ငြိမ်နဲ့ ပညာရေးကိုဆက်လက်ပြီးတော့ ကျောင်းသားလူငယ်တွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရား ပြည့်ပြည့်စုံစုံနဲ့ ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေ ဆက်လက်ပြီးတော့ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတဲ့မှုအရ ကလေးတွေကို အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်းပျိုးထောင်ပေးတဲ့ ဆရာ ဆရာမတွေ ပညာရေးဝန်ထမ်းများကို လေးစားစွာဖြင့် ဂုဏ်ပြုပါတယ်လို့ ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကျောင်းဆောင်သစ်များ ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် လုပ်ငန်းစဉ် များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ယခုလို ကျောင်းဆောင်သစ်များ ဖွင့်လှစ်ပေးပါသော နိုင်ငံတော်အစိုးရအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား အထူးပင်ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များသည် ဒေါင့်ကြီးကွက်သစ် အခြေခံပညာမူလတန်းကျောင်း သို့ ရောက်ရှိပြီး (၉၀ x ၃၀) ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားတွင် ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် ကမ္ဗည်း ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ကျောင်းအကျိုးတော်ဆောင်တို့မှ အစုကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၂၀x ၃၀) ပေ Steel Structure (၁)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ကမ္ဗည်းဆိုင်းဘုတ်အား အမွှေးနံ့သာ များဖြင့် ပက်ဖျန်းပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်မှ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများအား အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)