မြောင်းမြ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း များတွင် သင်ကြားပို့ချနေသည့် စနစ်သစ် Grade-11 မြို့နယ်အဆင့် သင်တန်းကို မြောင်းမြမြို့ အ.ထ.က(၆)ကျောင်း၌ မေ ၂၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိ ကြောင်း သိရသည်။
မြောင်းမြမြို့တွင် Grade-11 မြို့နယ်အဆင့် သင်တန်းသို့ သင်တန်းနည်းပြဆရာ/ ဆရာမ (၂၂)ဦးမှ သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၂၅၆) ဦး တက်ရောက်သင်ကြားလျက်ရှိရာ မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့ထိ (၃) ရက် သင်ကြားပို့ချ သွားမည်ဖြစ်သည်။
အဆိုပါ စနစ်သစ် Grade-11 သင်တန်းတွင် ဘာသာရပ်များအနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ စာရိတ္တနှင့်ပညာ၊ နီတိနှင့် ကာယစသည့် ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)