မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

တောင်တွင်းကြီး  မေ  ၂၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက် ၁၁ နာရီက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ရွှေအိုး()ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်း၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်()အခြေခံပညာအထက်တန်းကျောင်း (မိုးထိ)သို့ရောက်ရှိပြီး ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်း (မိုးထိ) ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်တို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကာ ကျောင်းဆောင်သစ်ဖွင့်ပွဲအလံများကို တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် ရွှေအိုး() မူလွန်ကျောင်းဆောင်သစ်မှာ အလျား ၁၂၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး ၂၆၆.၇၆ သန်းဖြင့်လည်းကောင်း၊ အထက()ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး (၃၁၁.၂၂) သန်းဖြင့်လည်းကောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)