ပေါက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ

ပေါက် မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်အား ယနေ့နံနက် ၈ နာရီက ပေါက်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိအောင် မေလ ၂၆ ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ ပညာရေးမှူး၊ တပ်ရင်းတပ်ဖွဲ့နှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ဉာဏ်တိုး(ပြန်/ဆက်)