ချောင်းဦး မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲ အချိန်က ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်ရှိ ရွှေသိမ်တော် ကျောင်းတိုက်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဋ္ဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၀၀ ကျော်ခန့် စုပေါင်းပြီး ရွှေသိမ်တော် ကျောင်းတိုက်အတွင်းရှိ ပေါင်းပင်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်း မဘေးရှိ ရေမြောင်းအတွင်းရှင်းလင်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ စေတီ၊ ပုထိုးများအား သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။
ချောင်းဦးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ချောင်းဦးမြို့ရှိ အထင်ကရနေရာများ၊ အဆောက်အဦးများအား ဋ္ဌာနဆိုင်ရာများစုပေါင်းပြီး စနေနေ့တိုင်း အပတ်စဉ် သန့်ရှင်းရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)