မင်းလှ၌ အခြေခံပညာသင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ မေ ၂၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပညာရေးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-11 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ ထ.က မင်းလှ(မြို့ပြင်) ကျောင်း၌ ယနေ့နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

သင်တန်းတွင် တိုင်းအဆင့်တက်ရောက်ခဲ့သော ဆရာ၊ ဆရာမနည်းပြ (၁၀)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များကို မေလ ၂၁ ရက်မှ ၂၃ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းတန်းအဆင့်သင် သင်တန်းသား/သူ ဆရာဆရာမများ(၁၀၈) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)