နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

နတ်တလင်း မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၄ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ်အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျွန်း ၁၀၀ပင်၊ မန်ဂျန်ရှား ၁၀၀ပင်၊ ခရေ ၁၀၀ပင်၊ စုစုပေါင်းသစ်ပင် (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ မြို့နယ်သစ်​တောဦးစီးဌာနက သစ်တော/သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ထာဝရကုသိုလ်ရယူပါ စသည့် ​ဆောင်ပုဒ် များဖြင့် စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)