သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြိုကျပျက်စီး

သာပေါင်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးမင်းမင်ဦး နေအိမ် သွပ်မိုး၊ ဝါးခင်း၊ ဓနိကာ (၁၅'×၁၀'×၁၈') ပြိုကျပျက်စီးခဲ့သည်။
ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဦးမင်းမင်းဦး (အဖ) ဦးအုန်းသန်းနှင့် မိသားစုဝင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄) ပေါင်း(၆)ဦးတို့ကို အမျိုးတော်စပ်သူ ဦးဇော်လင်းထွန်း နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားလျက်ရှိပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း