မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မြောင်းမြ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်အဖြစ် အိမ်မဲမြို့နယ်အသင်းနှင့် ဝါးခယ်မမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အိမ်မဲမြို့နယ်အသင်းက ဝါးခယ်မြို့နယ်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ၊ အကောင်းဆုံး ကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ပထမဆုရရှိသော မြောင်းမြမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသူ အိမ်မဲမြို့နယ် အသင်းတို့အား လည်းကောင်း အသီးသီးဆုနှင့် ငွေသားဆုများ ချီးမြှင့်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါပြိုင်ပွဲများတွင် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ အသင်းများထဲမှ ခရိုင်ကိုယ်စားပြု အသင်း(၁)သင်းထပ်မံရွေးချယ်သွားကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)