ငပု​တောမြို့နယ် ဂုံညင်းတန်း-လေးလောင်းရွာ ချင်းဆက်တံတား ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ  ကွင်းဆင်းကြည့်ရှုစစ်​ဆေး

ငပုတော မေ

ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဂုံညင်းတန်း-လေးလောင်းရွာချင်းဆက် တံတား အသစ်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင် () ဦးသန်းဦးသည် ယမန်နေ့ ညနေတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေးလောင်းတံတားသည် သက်ရက်တော-လေးလောင်းကျေးရွာ ချင်းဆက်လမ်းပေါ် တွင် တည်ရှိပြီး မိုးရွာသွန်းမှုများပြားပြီး  တောင်ကရေတိုက်စားမှုကြောင့် တံတားပျက်စီးခဲ့ ကြောင်း သိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြစ် တံတားအသစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ လေးလောင်းတံတားဆောက်လုပ်ခြင်းကို ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  တာဝန်ယူဆောင်ရွက်လျက်ရှိပြီးအလျား ၄၀ ပေ အကျယ် ၁၀ ပေ၊ ကိုယ်ထည် သံကူကွန်ကရစ် ကြမ်းခင်း ခွင့်ပြုရန်ပုံငွေ (၁၀၄.၂၉၉)သန်းဖြင့် ဆောက်လုပ်ခဲ့ရာ ယခုဆိုလျှင် တံတားဆောက်လုပ်ပြီးစီးမှုမှာ (၈၅)ရာခိုင်နှုန်း ပြီးမြောက်ပြီး ဖြစ်ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်ဆက်)