ပန်းတနော်မြို့၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဆိုင်းဘုတ် စိုက်ထူး

ပန်းတနော် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူးခြင်းကို ယမန်နေ့ နံနက် နာရီက  ပန်းရွှေဝါပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့တွင် စိုက်ထူခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူး ရဲမှူး ကျော်ဇံ၊ အဖွဲ့ဝင် ()ဗိုလ်မှူး ဇေယျာမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ဆွေ၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ ဆရာမများ စုပေါင်း၍ (၂၀၂၂- ၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ဘုတ် စိုက်ထူးခဲ့ကြပြီး ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ကျောင်းအပ်နှံရေး သတင်းပတ်အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား မေလ ၂၆ ရက်မှ ဇွန်လ ရက်နေ့အထိ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)