လွိုင်ကော် မေ ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် “ကျောင်းအနေရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နှိုးဆော်စာပါ မြေစိုက်ပိုစတာ အတိုင်းတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၂ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသူ / ကျောင်းသား များအား ကျောင်းအပ်နှံရာတွင် မိမိနေထိုင်သည့် မြို့နယ်ဒေသများတွင် ကျောင်းအပ်နှံကြရမည် ဖြစ်သော်လည်း မိမိသွားလာရေးအဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံနိုင်ရေးအတွက် အဆင်ပြေအောင်ဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို လာရောက်ကျောင်းအပ်နှံသည့် နေ့ရက်များတွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ကြောင်း၊ ယခုပညာသင်နှစ်၌ Grade-5၊ Grade-8၊ Grade-11 အတန်း များကို စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းသင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်း ပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအား ဇွန် (၂) ရက်မှစပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဇင်(လွိုင်ကော်)