အိမ်မဲမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

အိမ်မဲ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် ဌာနများသို့ ယခင်က ငှားရမ်းပေးထားသော စာအုပ်များကို ပြန်လည်သိမ်းဆည်းပြီး စာအုပ်များကို အသစ်ပြန်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သုတ၊ ရသစာအုပ်များကို ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိနားလည်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုများပြားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သောသူ များကို ရည်ရွယ်၍ ရုံးဌာနများအရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)