ဒေးဒရဲ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် မြစ်၊ ချောင်းအင်းအိုင် ပေါများသည့် ဒေသဖြစ်သည့် အလျောက် ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိရာ မိုးကြိုကာလ သဘာဝဘေးအန္တရာယ်များနှင့် ရေယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အသက်ကယ်အင်္ကျီ လက်တွေ့ဝတ်ဆင်သရုပ်ပြခြင်းကို ယနေ့ နံနက် (၁၀)နာရီက ကမ်းနားလမ်းတလျှောက်ရှိ သင်္ဘော ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက ရေယာဉ်မောင်းနှင်သူများ၊ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင် အသုံးပြုနည်းများကို လက်တွေ့ဆောင်ရွက်ပြသ၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အေဇာလင်း