ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဓနုဖြူ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်က နာရီစင်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် စိုက်ထူခဲ့သည်။

အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်() ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲ့ဝင်() ဦးစိန်မောင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝက၊ မြို့နယ်ပညာရေးမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် ၂၀၂၂ခုနှစ်၊ မေလ (၂၆)ရက်နေ့မှ ဇွန်လ()ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)