မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၀)အောင် ကျောင်းသား/ သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မအူပင် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ် (၂၀၂၀)ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် မောင်မယ်သစ်လွင်ကျောင်းသား/သူ (၄၉၈)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ပါမောက္ခဌာနမှူး များ၊ စီမံအရာရှိများကို ကျောင်းသား/သူများနှင့် မိတ်ဆက်အခမ်းအနား ဖွင့်လှစ်ပြီး ပါမောက္ခချုပ် ဆရာမကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်တွင် ဘာသာ ရပ်အလိုက် ဗဟုသုတများကို သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဆရာကြီး ဒေါက်တာဦးဌေးမြင့် မိတ်ဆက်ပေးခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)