လှိုင်းဘွဲ မေ ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လှိုင်းဘွဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျိုက်မုရောစေတီတော် ပတ်ဝန်းကျင်၌ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါစိုက်ပျိုးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲမှူး သိန်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်ဦးနှင့်ဌာနဆိုင်ရာ တာဝန်ခံများ၊ ဝန်ထမ်းများစုပေါင်း၍ ကျိုက်မုရောစေတီတော် ပတ်ဝန်းကျင်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ကျွန်း(၅၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ ပျဉ်းမ(၅၀)ပင်၊ ခရေ(၅၀)ပင်၊ စိန်းပန်း(၅၀)ပင်၊ ငုရွှေဝါ(၅၀)ပင် စုစုပေါင်း ပျိုးပင် (၃၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)