သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းရေးများဆောင်ရွက်

သာပေါင်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝန်အတွင်၊ အပြင် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်း(၂၄၀)တို့တွင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းဝန်းအတွင်း၊ အပြင် သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်