ကျိုက်လတ် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နေ့လယ်(၁)နာရီ ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ လူထုစိန်ဝင်း၏ "အတွေးအမြင် ဆောင်းပါးများ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင် ဦးအေးမြင့်က ''ထူးချွန်မှုနဲ့ထူးခြားမှု" ဆောင်းပါးနှင့် ဒေါ်သန်းသန်းအေးက ''ပညာခေတ်နဲ့အမျိုးသမီးတို့ကဏ္ဍ'' ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ကျိုက်လတ်(ပြန်/ဆက်)