ကန်ကြီးထောင့် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအတွက် လှုပ်ရှားမှုဆိုင်းဘုတ်များကို စိုက်ထူလျက်ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ် ရန်ကုန်-ပုသိမ်-မာလာကုန်း လမ်းဆုံလမ်းခွ၌ ကျောင်းအပ်နှံရေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ သည်။
အဆိုပါ အခြေခံပညာကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်များ ဗလာစာအုပ်များကို လည်း အခမဲ့ပေးဝေသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကိုလည်း ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မဇင်