ညောင်တုန်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူ

ညောင်တုန်း မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့မစခန်းမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက “၂၀၂၂-၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး စိုက်ထူဆောင်ရွက်ခဲ့‌ပြီး ကျောင်းအပ်နှံရေး သတင်းပတ်အနေဖြင့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်‌နေ့အထိဖြစ် ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)