ပန်းတနော်မြို့နယ်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

ပန်းတနော် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ ကြီးကြပ်မှုအဖွဲ့​​မှ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မီကျော်လွန်ရေးနှင့် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးအတွက် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးတိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ၂၀၂၂-၂၃ ခုနှစ် မိုးစပါး၊​နွေစပါး၊ ​ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ​နေကြာ လျာထားစိုက်ဧကများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ရိုးဖြတ်ကျန်ဧကများ မရှိ​စေရန်၊ ကိန်းဂဏန်းမှန်ကန်​ရေး အာမခံတင်ပြကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်း​၍ တောင်သူများနှင့်​ တွေ့ဆုံတွန်းအား​ပေး စည်းရုံး​ဆောင်ရွက်ရန်၊ ​တောင်သူတစ်ဦး ချင်းအလိုက် မိမိစိုက်ပျိုးထုတ်လုပ်ရမည့် သီးနှံအလိုက်သိရှိပြီး အပြည့်အဝစိုက်ပျိုးထုတ်လုပ် ရန်နှင့် မြို့နယ်အဖွဲ့မှလည်း ကွင်းဆင်း​ဆောင်ရွက်လျက်ရှိကြောင်း စသည့်အကြောင်းအရာများ အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ခင်မှ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော (မြေ၊ မျိုး၊ ပိုး) အကြောင်းအရာများသိရှိရန်၊ စာရင်းဇယာများပြုလုပ်ရာတွင် စခန်းကြီးကြပ်၊ စခန်းတာဝန်ခံ၊ ကျေးရွာအုပ်စု တာဝန်ခံတို့မှ စနစ်တကျဆောင်ရွက်ရန်၊ ကွင်းဆင်းအသိပညာပေးခြင်း၊ စပါးမျိုးကောင်း မျိုးသန့်များနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ဆွေးနွေးပြောကြားခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မျိုးလွင်မှ ဌာနဆိုင်ရာတာဝန် ရှိသည့် ကွင်းဆင်းဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကျေးရွာအုပ်စု အတွင်း၊ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါး၊ နွေစပါး၊ ဆောင်သီးနှံစိုက်ပျိုးရန် လျာထားဧကများ ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပညာပေးရေး၊ နေကြာစိုက် ဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါး စတင်စိုက်ပျိုးချိန်ကတည်းက ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် လယ်ယာမြေအခြားနည်း ကျူးလွန်အသုံး ပြုမှုများတွေ့ရှိ ပါကအမြန်ဆုံးတားမြစ်ဆောင်ရွက်ကြရန် ဆွေနွေးပြောကြားခြင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးခင်မောင်ဝင်းက ၂၀၂၀ မိုး​သီးနှံချေး​ငွေနှင့် ၂၀၂၁ မိုး​သီးနှံချေး​ငွေ​များ ပြေ​ကြေစွာ​ ပေးဆပ်ပြီးသည့် တောင်သူများနှင့် ယခင်​ချေး​ငွေ​ကြွေး​ဟောင်း​ပြေ​ကြေပြီးသူ များအား (၁၆.၅.၂၀၂၂)​ နေ့မှစ၍ ၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်​ချေး​ငွေများ စတင်ထုတ်​ချေး​ပေးလျက်ရှိပြီး ကိုဗစ်-၁၉ အထူး​ချေး​ငွေ​ပေးဆပ်ရန် ကာလအား (၃၁.၃.၂၀၂၂)​နေ့အစား (၃၀.၉.၂၀၂၂)​ နေ့သို့ သက်တမ်းပြင်ဆင် တိုးမြှင့်လိုက်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်စိုးမှ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ဆည်းမြောင်း တာတမံများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)