ဖြူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ် စိုက်ထူ

ဖြူး မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့၊ နံနက် (၇) နာရီအချိန်က လူသွားလူလာများသည့် ပဲခူးလမ်းမဘေးမီးပွိုင့်အနီးတွင် ကျောင်းနေအရွယ် ကလေးအားလုံးပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောဆိုင်းဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။

ကျောင်းအပ်နှံရေး ဆိုင်းဘုတ်အား စိုက်ထူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးလှမျိုးသိန်းနှင့်  မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ (၂၆) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)