ကျွန်းစုမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဗွီနိုင်း ဆိုင်းဘုတ်စိုက်ထူ

ကျွန်းစု မေ ၁၉

တနင်္သာရီ‌တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဗွီနိုင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။

ထိုသို့စိုက်ထူရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် ဆရာ၊ ဆရာများက ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဗွီနိုင်းဆိုင်းဘုတ်ကိုစိုက်ထူခဲ့ကြကြောင်း၊ ၂၀၂၂ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရင်နေ့အထိ ကျောင်းအပ်နှံရေးသတင်းပတ်ဖြင့် ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)