ငပုတော မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သိမ်တော်ကြီးလမ်းမရှိ မြို့နယ် ပညာရေးမှူး ရုံးရှေ့တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခဲ့သည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့”၊ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်ပါရှိပြီး မြေစိုက်ပိုစတာ စိုက်ထူရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ပူးတွဲ(တာဝန်) ဦးအေးလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်လင်း၊ အထက-ငပုတောကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာ ရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရ သည်။
အောင်သူ (ငပုတောပြန် /ဆက်)