အင်္ဂပူမြို့နယ် ကံ့ကော်လမ်းနှင့် ကန်သာယာလမ်းဆုံ၌ ကျောင်းအပ်နှံရေး လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်

အင်္ဂပူ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကံ့ကော်လမ်းနှင့် ကန်သာယာလမ်းဆုံ၌ ယနေ့နံနက်ပိုင်းက ကျောင်းအပ်နှံရေး လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များမှ အမွှေးနံ့သာများပက်ဖျန်း၍ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြင့်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်တွင် ”ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါရှိပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထ ိကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသူ/ ကျောင်းသားများအား ကျောင်းအပ်နှံနိုင်ရေးအတွက် အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ (အခမဲ့) ပေးဝေသွားမည်ဖြစ်ပြီး ကျောင်းဝတ်စုံများကို ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများအား ဇွန်(၂)ရက်မှစပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)